Social Icons

Pages

Saturday, February 2, 2013

ပွိုင့် ၆၀၄၁ စခန်း တိုက်ပွဲ ( သို့မဟုတ် ) အမိမြေမှ သားကောင်းများ



တန့်ယန်းဒေသအတွင်းရှိ ပွိုင့် ၆၀၄၁ စခန်းတိုက်ပွဲသည် တပ်မတော် အတွက် စံပြုရမည့်တိုက်ပွဲကြီး တစ်ပွဲ ဖြစ်သကဲ့သို့ တပ်မတော်၏ဇွဲရှိမှု သတ္တိရှိမှု စစ်ရေးစွမ်းရည်ထက်မြက် မှု တို့ ကို ဖောပြနိုင်ခဲ့ သောတိုက်ပွဲ ဖြစ်သဖြင့် ဖော်ပြပေးလိုက်ပါသည် ....

ထိုတိုက်ပွဲတွင် တပ်မတော်မှ အင်အား ၅၇ ယောက်သာရှိသာစခန်းအား ဗကပ တပ်မဟာ ( ၈ ) နှင့် တပ်မဟာ ( ၁၂ ) အင်အား ၂၀၀၀ ခန့်မှာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ရာ အင်အားကိုကြည့်ခြင်းဖြင့် တိုက်ပွဲ၏ အခြေအနေ အား သုံးသပ်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် တိုက်ပွဲပုံသဏ္ဍန် အား ဖော်ပြခြင်းဖြင့် တပ်မတော်၏ အနိုင်မခံ အရှုံး မပေး စိတ်ဓါတ်ကို ကွက်ကွက် ကွင်းကွင်း မြင်တွေ့ နိုင် မည် ဖြစ်သည်တပ်မတော် သမိုင်းတွင် မော်ကွန်းထိုးရမည့် ထိုတိုက်ပွဲစဉ် များ ကိုပေါ်လွင်ေ အာင်ေ ဖ်ာပြ လိုက်ရပါသည်။



၁၉၇၈ မတ် ၆ ရက်  ၀၈း၀၀ ချိန်ခန့်တွင် ဗကပ တပ်မဟာ ( ၈ ) နှင့် တပ်မဟာ ( ၁၂ ) အင်အားစုများသည် တာဆိုင်းလျှန် ကူးတို့ဆိပ်မှ ဖြတ်ကူးလျက် လွယ်စန့် သို့ရောက်ရှိလာကြောင်း ပြည်သူများ ၏ သတင်းပေးချက် ရရှိခဲ့ပါသည်။ ထို့ကြောင့် တပ်ခွဲမှုး ဗိုလ်ကြီး သိန်းထွန်းတင် သည် နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး တာဝန်များဆောင်ရွက်နေသော ဗိုလ်ခင်မောင်အေး ဦးစီး လှုပ်ရှား တပ်စု အား ပွိုင့် ၆၀၄၁ သို့ ပြန်လည် ၀င်ရောက်ရန် အကြောင်းကြား ခေါ်ယူခဲ့သည်။ ထို့ အပြင် လွယ်စန့်စခန်းမှ အင်အား ( ၆ ) ယောက်ပါ တပ်စိတ် တစ်စိတ် ကို ထုတ်နှတ်ကာ လက်နက်ကြီး ခြေကုတ်အဖြစ် ရန်သူ အသုံးပြုနိုင်သော ပွိုင့် ၅၀၅၈ တောင်ကုန်းအာ ကင်းပုန်းဝပ်ရန် စေလွှတ်ခဲ့ပါသည်။ လမ်းတွင် လှုပ်ရှားတပ်စုနှင့် တွေ့ဆုံပြီး ဗိုလ်ခင်မော်အေးမှ ရန်သူ့ အင်အားပေါ်မူတည်၍ ယင်းတပ်စိတ်အား ၄င်း ကိုယ်တိုင်ကွပ်ကဲ မှု ယူ ကင်းပုန်းဝပ်နိုင် ရန် တပ်ခွဲမှုး ထံတင်ပြကာ ၁၀း၃၅ တွင် ထွက်ခွာ ကင်းပုန်းဝပ်ခဲ့သည်။

၁၉၈၇ မတ် ၆ ရက် ၂၁း၀၀ ချိန်တွင် မုန်းယိုင်ဘက်မှ ဗကပ အင်အား ( ၈၀ ) ခန့်နှင့် လက်နက်ကြီး အဖွဲ့ သည် ဗိုလ်ခင်မောင်အေး တို့ ကင်းပုန်းဝပ်စောင့် ဆိုင်းနေသော တောင်ကုန်းသို့ ချည်းကပ်ချီတက်လာရာ တပ်မတော်မှ ကိုက် ၅၀ ထိ အကပ်ခံပြီး စတင်ပစ်ခတ် တိုက်ခိုက်ရာ အနီးကပ်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ရန်သူမှ ၄င်းတောင်ကုန်းအား သိမ်းပိုက်ရန အကြိမ်ကြိမ် ကြိုး စားသော်လဲ နောက်ဆု့းတွင် အထိ နာစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြသည်။ သို့ရာတွင် အပြီး တိုင်ဆုတ်ခါာခြင်း မဟုတဘဲ လက်နက်ကြိး ပစ်ကူဖြင့် ထပ်မံလုံးထွေး တိုက်ခိုက်လာရာ ပွိုင့် ၆၀၄၁ မှ လက်နက်ကြီး ပစ်ကူဖြင့် တပ်မတော်မှ ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ သည်။ ဗကပ တို့ သည် ထိုတောင်ကုန်း ကို သိမ်းပိုက်ရရှိနိုင်ရန် အတွက် ငါးကြိမ်တိတိ ကျားထိုး တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်မှ အောင်မြင်စွာ ခုခံ တွန်းလှန်နိုင်ခဲ့သည်။သို့ရာတွင် ဗကပ တို့ သည် ထိုတပ်စိတ် အားနောက်မှ ၀ိုင်းပတ် ပိတ်ဆို့ တိုက်ခိုက် ရန်ကြိုးစားလာသည့် အတွက် ပင်မတောင် ကုန်းသို့ အဖွဲ့လိုက် ဆုတ်ခွာ စေခဲ့ရာ ရန်သူ့ကြားဖြတ်အဖွဲ့နှင့် တွေ့ဆုံ တိုက်ပွဲဖြစ်ပွားပြီး ဗိုလ်ခင်မောင် အေး ကျဆုံးခဲ့ပါသည်။

ရန်သူသည် ထို ပွိုင့် ၅၀၅၈ တောင်ကုန်းအားခြေကုတ်ယူကာ ၄င်းမှ တဆင့် တောင်ကြော အတိုင်းချည်းကပ်လာပြီး နားလိန် ရွာ တွင် တပ်ဖြန့် ရင်းငြိမ်နေခဲ့သ်ည ကိုတွေ့ ရသည်။ ပွိုင့် ၆၀၄၁ တောင်ကုန်းအား ရင် ဆိုင်ထား ပြီး နောက်နေ့ မတ်လ ၇ ရက်နေ့တွင် နောင်လိုင် နှင့် ပါဖန် စခန်းတို့ အား ၀၆း၀၀ ချိန်မှ စတင်၍ ဗကပ အင်အား ၆၀ ခန့်မှ လက်နက်ကြီး ပစ်ကူဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ပွိုင့် ၆၀၄၁ မှ လက်နက်ကြီး ပစ်ကူပေး ခုခံ ခဲ့ရာ ၁၃း၀၀ ချိန်ခန့်တွင် ရန်သူ့ တိုက်စစ်ရပ်တန့်သွားခဲ့သည်။ ထိုအချိန်တွင် ရန်သူ့ တပ်ဖြန့်မှု အား သိရှိနိုင်ရန် အတွက် နားလိန်ရွာ သို့ တပ်စိတ်တစ်စိတ် စေလွှတ်ထောက်လှမ်းစေခဲ့ရာ ဗကပ အင်အား ၃၀ ခန့် ဖြင့် အနိးကပ်ထွေးလုံး ရစ်ပတ် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားပြီး ထိုအဖွဲ့ သည် ပွိုင့် ၆၀၄၁ သို့ ၁၅း၀၀ တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။ သို့ ရာတွင် ၄င်းတပ်စိတ်မှ စစ်သည် တစ်ဦး ကျဆုံးခဲ့ပါသည်။

ရန်သူသည် ပွိုင့် ၆၀၄၁ တောင်ကုန်းရှိ စခန်းနှစ်ခု ကြားသို့ အင်အား ၂၀၀ခန့် ၀င်ရောက်လာပြီး လက်နက်ကြီ လက် နက်ငယ် လောက်ချာ တို့ဖြင့် ပြင်းထန်စွာပစ်ခတ် တိုက်ခိုက်ရာ စခန်း နှစ်ခု စလုံးမှ စနစ်တကျ ပြည်လည်ခုခံ တိုက်ခိုက်သဖြင့် ရန်သူသည် အထိ အခိုက်အကျအဆုံး များစွာဖြင့် ပြန်လည်ဆုတ်ခါာသွားခဲ့သည်။

နောက်တနေ့ဖြစ်သော မတ်လ ၈ ရက်နေ့တွင် မူ ဗိုလ်ကြီး သိန်ထွန်းတင် ဦးစီးသော အင်အား ၅၇ ယောက်စခန်းအား ဗကပ တို့မှ ၀၆း၀၀ ချိန်မှ စတင်၍ ၈၂ မမ၊ ၅၇ မမ၊ ပွိုင့် ၅ စက်သေနတ်ကြီး ၊ ၆၀ မမ စိန်ပြောင်းတို့ဖြင့် ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်လာခဲ့ပါသည်။ရန်သူသည် အဝေးမှ လက်နက်ကြီး မျညးဖငြ့် သာပစ်ခတ် တိုက်ခိုက်နေသဖြင့် မိမိစစ်သည်များ က တုန့်ပြန် ပစ်ခတ်ခြင်း မပြုခဲ့ပေ။ ထိုသို့ မိမိဘက်မှ ကျည်မဖြုန်း တီးဘဲ ငြိမ်သက်နေခြင်း ကို အားမရနိုင်သော ဗကပများသည် တောင်ဘက်စခန်းကုန်းအား တောင်ဘက် မျက်နှာစာ မှ ချည်းကပ်တိုက်ခိုက်ကျ ပြန်သည်။ မိမိစစ်သည်များက ချည်းကပ်လာသောရန်သူများ အား လက်ပစ်ဗုံး များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်သဖြင့် ရန်သူများ စခန်းအနီးသို့ မကပ်နိုင်ဘဲ ပြန်လည် ဆုတ်ခွာသွား ခဲ့ကြသည်။ အလားတူမြောက်ဘက် စခန်ကုန်းကိုလည်း မြောက်ဘက်တောင်စောင်းမှ ၄၀ မမ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်လာရာ မိမိမှ ၂ လက္မ စိန်ပြောင်းဖြင့် ပြည်လည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။ရန်သူများသည် အနီးကပ်ထပ်မံတိုက်ခိုက်မှု မရှိတော့ဘဲ အဝေးမှ လက်နက်ကြီး များ အသုံးပြုပစ်ခတ်ကာ ပိတ်ဆို့ ၀န်းရံ ထားခဲ့သည်။

မတ်လ ၉ ရက်နေ့ ၀၅း၀၀ ချိန်တွင် မြောက်ဘက်စခန်ကုန်းအား မြောက်ဘက်မှ ၄င်း တောင်ဘက် စခ်းကုန်းအား တောင်ဘက်မှ ၄င်း လက်နက်ကြီး ပစ်ကူများဖြင့် တက်ရောက်သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့ကြပြန်သည်။ တပ်မတော်မှ စခန်းအနီးချည်းကပ်လာသောရန်သူများအား ကျည်တတောင့် လူယောက် နှုန်းဖြင့် ပစ်ခတ်ခြေမှုန်းခဲ့ ၍ ၄င်း တပ်မတော် လေ မှ လေကြောင်းပစ်ကုပေး တိုက်ခိုက်ခဲ့ခြင်းကြောင့် ၄င်း အထိအခိုက်အကျအဆုံးများစွာ ဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။

မတ်လ ၁၀ ရက်နေ့တွင် အထိနာနေသော ဗကပ တို့သည် မိမိစခန်းခြံစည်းရိုးအား မီးလောင်တိုက်သွင်းရန် စခန်းအခြေမှ မီးလောင်တိုက်သွင်းခဲ့ကြသည်။ သို့ရာတွင် တပ်မတော်မှ ကြိုတင် ပြင်ဆင် ထားပြီးသော မီးတားအဖွဲ့ မီးငြိမ်းသတ်ရေး အဖွဲ့ လုံခြုံရေး အဖွဲ့များ ဖြင့် စနစ်တကျငြိမ်းသတ်နိုင်ခဲ့ သည်။ သို့ရာတွင် မီးငြိမ်းသတ်နေစဉ် ရန်သူမှ ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်သည်အချို့ ဒါဏ်ရာရရှိခဲ့သည်။

မတ်လ ၁၁ ရက်နေ့ တွင် အဝေးမှ သာလက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ၁၃း၀၀ ချိန်ခန့်တွင် ပါဖန်ဘက်မှ ရန်သူအင်အား ၁၅၀ ခန့် အဖွဲ့ တစ်ဖွဲ့ လာရောက်ပူးပေါင်းကြောင်း မြင်တွေ့နေရသည်။ ထိုအချိန်တွင်ရန်သူတို့သည် ပန်ဆင် တောင်ကုန်းတွင် ကွပ်ကဲမှု အဖွဲ့ထားရှိပြီး ၈၂ မမ နှင့် ၅၇ မမ များအား တောင်ဘက်စခန်းကုန်း ၏ တောင်ဘက် ပွိုင့် ၅၁၈၁ တောင်ကုန်းသို့ရွေ့ပြောင်း နေကြသည်ကို တွေ့ရှိရသည်။ ထိုနေ့တနေ့လုံး ရန်သူမှ အဝေးမှ နှောင့ှ်က်ပစ်ခတ်ခြင်းမှ အပ လာရောက်တိုက်ခိုက်ခြင်း မရှိခဲ့ပေ။

ရန်သူမှ ထိုသို့ ငြိမ်သက်နေခြင်းမှာ အားမွေးနေခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့် ဆိုသော် နောက်တနေ့ မတ်လ ၁၂ ရက်နေ့ ၀၆း၀၀ ချိန်ခန့်တွင် လက်နက်ကြီးများစုပြုံပစ်ခတ်ပြီး ခန်း၏ အနောက်မြာက်ဘက်နှင့် တောင်ဘက်မျက်နှာစာ စခန်းနှစ်ခုကြားမှ ချည်းကပ် တိုက်ခိုက်လာပြန်သည်။ ရန်သူသည် ခြံစည်းရိုး အနီးကပ်နိုင်သည်နှင့် ခြံစည်းရိုးအား လှဲခြင်း ၄၀ မမ လောင်ချာဖြင့် ပစ်ခတ် ဖြိုလှဲခြင်း များပြုလုပ်ကာ အသူတ်လိုက် တက်ရောက်တိုက်ခိုက် ကြပြီး မြောက်ဘက်တောင်ကုန်းအား အင်အား ၂၀၀ ခန့်ဖြင့် ၄င်း တောင်ဘက်တောင်ကုန်းအား အင်အား ၁၅၀ ခန့်ဖြင့် ၄င်း သိမ်းပိုက်နှိင်ရေး ချည်းကပ်တိုက်ခိုက်လာခဲ့ပါသည်။ တပ်မတော်မှ စနစ်တကျခုခံ တိုက်ခိုက်ကြရာ ရန်သူမှ အကျအဆုံးများ သော်လည်း နောက်ပြန် ဆုတ်လျှင် အခြင်းခြင်း သတ်ဖြတ်ခံရမည် ဖြစ်သဖြင့် အနီးကပ်ထွေးလုံး ရစ်ပတ် တိုက်ခိုက်လာခဲ့ပါသည်။ တပ်မတော် မှ လဲ စန်စတကျ ပြန်လည် ခုခံ တွန်းလှန်နိုင်မှု ကြောင့် ရန်သူသည် သုံးကြိမ်တိုင်တိုင် လှံစွပ်တပ် ကျားထိုးခဲ့သော်လည်း အလောင်းများ ကိုပင် မကောက် နိုင်ဘဲ ကစဉ်က ကလျား နှင့် ဆုတ်ခွာထွက် ပြေးသွားခဲ့ ရပါတော့သည်။

မိမိတပမတော် နှင့် အနီးကပ်ထွေးလုံး ရစ်ပတ်တိုက်ခိုက်ခဲ့ မှုကြောင့် ကတုတ်ကျင်း အနီးတွင် အသက်ထွက်သွားသောရန်သူ့ အလောင်းများထံမှ M 23 စက်ကလေး တစ်လက်၊ M 22 လေးလက် ၄၀ မမဗုံးပစ်လောင်ချာတစ်လက်  ပေါင်းခြောက်လက် ကို သိမ်းဆည်း ရမိခဲ့ပါသည်။ ထိုလက်နက်များဖြင့် ပင် ရန်သူကိုတန်ပြန်ခုခံ တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ ပြီး ရန်သူ့ လက်နက် ကိုယ့် လက်နက် အဖြစ် အသုံးပြုခဲ့သည်။ ထိုနေ့နေလည်တွင် ဒုတိယအကြိမ် လက်နက်ကြီး လက်နက်ငယ်များ သွန်ပစ်၍ စခန်းအား သိမ်းပိုက်နိုင်ရန် ထပ်မံကြိုးစား ခဲ့ကြပြန်သည်။

ထို အချိန်တွင် တပ်ခွဲမှုး ဗိုလ်ကြီး သိန်းထွန်းတင်သည် ရန်သူ့ လောင်ချာ ၄ လုံး ဆက်တိုက် ၄င်း အနီးကျရောက်ပေါက်ကွဲ ခဲ့သဖြင့် တပ်ခွဲမှုး၏ ၀ဲဘက်မျက်လုံး ထိမှန်ဒါဏ်ရာ ရရှိခဲ့သည်။ သို့ရာတွင် တပ်ခွဲမှုးမှ စစ်သည်များ စိတ်ဓါတ် ကျဆင်းမည် စိုးသဖြင့် သာမန်ဒါဏ် ရာ ကဲ့သို့သာ ဖြစ်သလို စည်းနှောင် ၍ ဆက်လက် တိုက်ပွဲ ၀င်ခဲ့ ပါသည်။ထိုတိုက်ပွဲသည်လည်း အနီးကပ်တိုက် ပွဲ ပင် ဖြစ်သောကြောင့် ပြင်းထန်ပြီး မြော်ကဘက်တောင်ကုန်းတွင် ၄ ဦး ကျဆုံးကာ ၃ ဦးပြင်းထန်စွာ ဒါဏ်ရာရရှိခဲ့ပါသည်။ တစ်ဆက်တည်းတွင် တောင်ဘက် စခန်း ကို လဲ ရန်သူမှ အလုံး အရင်းတိုက်ခိုက်လျက် ရှိနေရာ လေကြောင်း ပစ်ကူ ခေါ်ယူခဲ့ရသည်။ ထို့ကြောင့် ရန်သူတို့မှာ ရှေ့ ဆက် မတတ်နိုင်ဘဲ ပြန်လည်ဆုတ်ခွာသွား ခဲ့ကြရသည်။ ခြံစည်းရိုး အစပ်တွင် ရန်သူ့ အလောင်း ၇၀ ခန့် ကျန်ရစ်ခဲ့သည်။ သို့ရာတွင် တောင်ဘက်စခန်းကုန်းတွင် ထိ ခိုက်ဒါဏ်ရာရ သူများပြားလာသဖြင့် ဖောက်ထွက်ကာ တပ်ခွဲရုံး ပင်မစခန်း အား ပူးပေါင်းရန် ကြိုးစားရာမှ ရန်သူ့ ဖြတ်တောက်ရေး အဖွဲ့ နှင့် တွေ့ဆုံ တိုက်ပွဲဖြစ်ပွား သဖြင့်တောင်ဘက်စခန်းကုန်း စခန်းမှုး ကျဆုံးခဲ့ရသည်။ မြောက်ဘက် စခန်းကုန်း ကိုမှု သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ရန်သူမှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။

မတ်လ ၁၃ ရက်နေ့ ၀၆း၀၀ ချိန်တွင် ပွိုင့် ၆၀၄၁ စခန်း ၏ တောင်ဘက် ကုန်းတွင် ဗကပ များ တက်ရောက်နေရာယူနေ ကြကြောင်းတွေ ရှိရသည်။ထို့ကြောင့် လေကြောင်း ပစ်ကူတောင်းခံပြီး တောင်ဘက် စခန်းကုန်းအား ပစ်ခတ်ခြေမှုန်း ခဲ့ပါသည်။ထို့နောက် ရန်သူမှ ပင်မ စခန်းကုန်းအား သိမ်းပိုက်နိုင်ရေး အတွကင် လက်နက်ကြီး ပစ်ကူများ ဖြသ့် ထပ်မံ တိုက်စစ်ဆင်ခဲ့ရာ တပ်မတော်မှ စနစ်တကျခုခံ နိုင်ခဲ့ သဖြင့် ပြန်လည်ဆုတ်ခွာ သွားခဲ့ကြရသည်။

ထိုေ့ ၁၅း၀၀ ချိန်ခန့်တွင် ဗကပ အင်အား ၇၀ ခန့်လွယ်စဥ့်ကျေးရွာ ဘက်မှ မိမိပွိုင့် ၆၀၄၁ ၀န်းကျင်သို့ အင်အားဖြည့်တင်းရောက်ရှိလာကြောင်းတွေ့ ရသည်။ ထို့နောက် ၁၇း၀၀ ချိန်ခန့်တွင်လည်း ယောင်တိနှင့် ယောင်ကရော့ ရွာများဘက်မှ လား ၁၄ ကောင်နှင့် တကွ အင်အား ၃၀၀ ခန့်ထပ်မံ ဖြည့်တင်းရောက်ရှိ လာကြောင်း တွေ့ရှိ ရသည်။ ထိုအခြေအနေအရ ၇န်သူသည် မိမိတို့ အား အပြီးတိုင် ခြေမှုန်း တော့မည်မှာသေချာလျာက်ရှိကြောင်း သုံးသပ်ရသဖြင့် အထက်ဌာနသို့ နောက်တနေ့ မတ်လ ၁၄ ရက် ၀၆း၀၀ ချိန်တိတိ တွင် မိမိတို့ ထံမှ အဆက်အသွယ်ရသည်ဖြစ်စေမရသည်ဖြစ်စေ ပွိုင့် ၆၀၄၁ ပင်မစခန်းကုန်းပေါ်သို့  လေကြောင်း ပစ်ကူ ပေးရန်တင်ပြတောင်းခံခဲ့သည်။

တပ်ခွဲမှုးနှင့် မိမိစစ်သည်များ သုံးသပ်သကဲ့သို့ပင် ဗကပ တို့ သည်အမှောင်ထု ကိုအကာအကွယ် ယူ၍ အနီးကပ်ချည်းကပ်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည် ။ ရန်သူ့ ကျင်း တူးသံများကိုပင် အတိုင်းသားကြား နေရသည်။ တစ်ချိန်တည်းတွင် ရန်သူမှ လက်နက်ကြီး စုပြုံပစ်ခတ် တိုက်ခိုက်လာခဲ့သည်။ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆက်သွယ်ရေး စက်မှ ကောင်း ကင်ကြိုးများ အပိုင်းပိုင်းပြတ်တောက်သွားပြီး စက်သွယ်ရေး စက်လ ပျက်ဆီးသွားခဲ့သည်။ ထိုအချိန်မှ စ၍ ပွိုင့် ၆၀၄၁ တောင်ကုန်းနှင့် အထက် ဌာ နအဆင့်ဆင့် တို့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ရသည်။သို့ရာတွင် တပ်မတော် သည် နောက်တွန့်ခြင်း အလျှဉ်းမရှိဘဲ ရဲရဲဝံ့ဝံ့ ခုခံ တိုက်ခိုက်ခဲ့ကြသည်။

ထိုအခြေအနေတွင် တိုက်ပွဲကာလ ကြာမြင့် လာသည်နှင့် အမျှ မိမိတို့ တွင် ခဲယမ်းများလျော့နည်းလာပြီဖြစ်သည်။ ပျမ်းမျှ တစ်ဦးလျှင် ကျည် ၂၀ခန့်စီသာကျန်တော့သည်။ တပ်ခွဲမှုးမှ အခြေအနေ ကိုတွက် ချက်၍ ထို့နေ့ ၂၀း၀၀ ချိန်တွင်ဖောက်ထ်ွရန် ဆုံးဖြတ်ခဲ့ကြသည်။ တပ်မတော်အနေဖြင့် ကျည်ကုန်လက်နက်မဲ့ အခြေအနေဖြင့် ရန်သူ့ ဖမ်းဆီးခြင်းခံရသည်ထက် လက်ရှိအခြေအနေမှဖောက်ထွက်ခဲ့ခြင်းသာလျှင် အခွင့် အရေး ကြုံပါက ရန်သူကို ပိုမို သတ်ဖြတ်နိုင်ရန် အခြေအနေဖန်တီးနိုင်မည်ဖြစ်သည်။ ထို့အပြင်ရန်သူကိုလဲ ၈ ညနှင့် ၇ ရက်တိုင်တိုင် သုတ်သင်နိုင်သမျှ သုတ်သင်ခဲ့ပြီးဖြစ်လေရာ တပ်မတော် ၏ စွမ်းရည်ကိုပြသနိုင်ခဲ့ပြီး ဖြစ်လေသည်။

တပ်ခွဲမှုးသည် ဖောက်ထွက်ရေး အဖွဲ့များအား စနစ်တကျဖွဲ့စည်းပြီး ဦးစွာ သယ်ယူနိုင်ခြင်းမရှိတော့သည် စုပုံရိက္ခာများ နှင့် စာရွက်စာတမ်းများ အား စနစ်တကျဖျက်ဆီးခဲ့သည်။ ထို့နောက်သတ်မှတ်ထားသည့် အတိုင်း ဒါဏ်ရာရလူနာများနှင့် တပ်ခွဲမှုးမှ ဥိးစွာ ဖောက်ထွက်ခဲ့သည်။ အလုပ်သင်ဗိုလ်ဝင်းမြင့်နှင့် အင်အား ၅ောက်သာနောက်ချန် နေခဲ့ပြီး စခန်းကို ထိမ်းသိမ်း ထားကာ နာရီဝက်ကြာမှ တပ်ခွဲမှုးဖောက်ထွက်ရာလမ်းကြောင်းအတိုင်း ဖောက်ထွက်ခဲ့ကြသည်။

တပ်ခွဲမှုးနှင့် အဖွဲ့သည် ကြယ်ရောင်ကိုအားပြုရင်း သိတိကြီးစွာဖြင့် ချီတက်ခဲ့သည်။ တပ်ခွဲမှုးမှာမျက်လုံး တဘက် ကိုသာအားပြုနေရသဖြင့် ခက်ခဲစွာလှုပ်ရှားနေရသည်။ တပ်ခွဲမှုးနှင့် အဖွဲကသည် နမ့်လောင်း ချောင်းဖျား သို့ မတ်လ ၁၄ ရက် ၀၁း၀၀ ချိန်တွင်ရောက်ရှိကာ ခေတ္တ အခြေပြုခဲ့ ကြပြီး ၀၃း၀၀ ချိန်တွင် နမ့်လောင်းချောင်းအတိုင်း က်လက်ဆင်းလာခဲ့ရာ သံလွင်မြစ်ကမ်း သို့ မတ်လ ၁၄ ရက် ၁၂း၃၀ ချိန်တွင်ရောက်ရှိခဲ့ကြသည်။

နောက်တနေ့တွင် အထောက်တော် စေလွှတ်၍ ဖန်မွန်း ရွာသူရွာသားများနှင့် ဆက်သွယ်နိုင်ခဲ့သည်။ ရွာသူရွာသားများမှ တပ်မတော်အား ကြည်ညိုရငိးစွဲ ရှိသဖြင့် နံနက်စာကျွေးမွေး သည်ဒ တောင်သာစခန်းမှ ဖေက်ထွက် ကြရာတွင် ခြေထောက်ဒါဏ်ရာဖြင့် လူစုကွဲ ကျန်နေခဲ့သော တပ်သား တစ်ဦးအား ရွာသားများမှ ဖွက်ထားရာမှ တပ်ခွဲမှုးထံ ပြန်လည် အပ်နှံသည်။ ထို့နောက် လမ်းပြနှစ်ယောက်ဖြင့် နမ်းကျိန် ကျေးရွာသို့  ဆက်လက်ပို့ဆောင်ခဲ့ကြသည်။ နမ်းကျိန်ရွာ တောင်ယာတဲ တစခု သို့ ရောက်နေသော တောင်ဘက် စခန်းကုန်းမှ ဖောက်ထွက်လာခဲ့ သည့် တပ်ကျပ် ရမားဆင် ဦးစီးတပ်စိတ်နှင့် ထပ်မံဆုံသည်။ တဖြည်းဖြည်းနှု့် ပါဖန်မှ ဖောက်ထွက်လာသောတပ်စိတ် အလုပ်သင်ဗိုလ် ၀င်းမြင့် ဦးဆောင်သောနောက်ချန်တပ်စိတ် တို့ ပြန်လည် ပေါင်းဆုံ မိခဲ့ကြသည်။ ပိန်းလွန်းရွာတွင် တပ်ခွဲမှုးမှ အထောက်တော် စေလွှတ်ရာ ခမရ ၁၀၄ စစ်ကြောင်းနှင့် အဆက်သွယ်ရရှိကာ ပူးပေါင်း မိခဲ့ကြသည်။ ထိုမှ တဆင့် အဆင့်ဆင့် ပို့ဆောင်ကြရာ မတ်လ ၁၇ ရက်နေ့ ၁၄း၃၀ တွင် တန့်ယန်း မြိဲု့သို့ရောက်ရှိ ခဲ့ကြရာ မြို့သူမြို့သားများ မှ ရင်နှစ်သည်းချာများ ပမာကြိုဆိုခဲ့ ကြသည်။

တပ်ခွဲမှုး ဗိုလ်ကြီး သိန်းထွန်းတင် ဦးစီး တပ်မတော်သားများသည် ပွိုင့် ၆၀၄၁ စခန်းမှ ရေနှင့် ခဲယမ်းပြတ်လပ်သည်အထိ ၈ ည နှင့် ၇ ရက်တိုင်တိုင် ခုခံ တိုက်ခိုက်ခဲ့ကြပြီး အရာရှိ စစ်သည် ၁၅ ဦးကျဆုံး တပ်ခွဲမှုးနှင့် ၁၂ ဦးဒါဏ်ရာ ရရှိကာ ဗကပ အင်အား ၂၀၀ ခန့် သုတ်သင်နိုင်ခဲ့သည်။ မိမိဘက်မှ အင်အား ၅၇ ယောက်တွင် တပ်ခွဲမှုးနှင့် စစ်သည် ၄၂ ယောက်အရောက်ပြန် လာနိုင်ခဲ့ကြသည်။

၎င်းစွမ်းဆောင်ချက်မှာ တပ်မတော်သမိုင်းတွင် ထူးခြားပြောင်မြောက်သော တိုက်ပွဲတစ်ပွဲ အဖြစ် မှတ်ကျောက်တင် မော်ကွန်းရေး ထိုးရမည်ပင်ဖြစ်ပေသည်။

*** ပွိုင့် ၆၀၄၁ တောင်ကုန်း တိုက် ပွဲတွင် တိုက်ပွဲဝင်ခဲ့သော တပ်မတော်သားအပေါင်းနှင့် ကျဆုံးသွားသော ဗိုလ်ခင်မောင်အေး နှင့် စစ်သည်အဆင့် အတန်းအားလုံး အား ဤဆောင်းပါးဖြင့် ဂုဏ်ပြု အပ်ပါသည် ။

No comments:

Post a Comment