Social Icons

Pages

Sunday, March 10, 2013

ပြည်သူနှင့် ပြည်သူ့တပ်မတော် ၏ လက်တွဲတိုက်ခိုက် အောင်မြင်မှု တစ်ခု ( သို့မဟုတ် ) အောင်စိုးမိုး စစ်ဆင်ရေး ( သို့မဟုတ် ) ဇင် - ချစ် နောက်ဆုံးနေ့

၁၉၇၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တပ်မတော်မှ စစ်ရေးနှင့် နိုင်ငံရေးပူးတွဲ စစ်ဆင်နိုင်ရန် ပဲခူးရိုးမ စစ်ဆင်ရေး ဌာနချုပ် ကိုဖွင့် လှစ်ကာ အောင်စိုးမိုး စစ်ဆင်ရေး ကို စတင်ဆင်နွဲခဲ့သည်။ ရိုးမတလွှားပေါ်ရှိ ဗကပ တို့အား အမြစ်ဖြတ် နိုင်ရန်အတွက် ဖြတ်လေး ဖြတ် စနစ် ကို စတင်ကျင့် သုံးခဲ့သည်။ ဖြတ်လေးဖြတ်စနစ် ကျင့်သုံးရာတွင် ထိရောက် စေရန် အတွက် ပဲခူးရိုးမ တောင်ပေါ်ရွာ ( ၁၄ ) ရွာကိုလဲ ပြောင်းရွှေ့ နေရာချထားခဲ့သည်။ တပ်မတော်၏ နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းစစ်ဆင်မှု အောင်မြင်သည်ဟု ဆိုရမည်ဖြစ်သည်။ သောင်းကျန်းသူ ဗကပ တို့မှာ လူထုနှင့် အဆက်အသွယ်ပြတ်ကာ ရိက္ခာမရ၊ သတင်းမရ၊ ဆက်ကြေး မရ ဖြစ်လာကြသည်။ ဗကပ တို့နှင့် လက်လှမ်းမီသော ကျေးရွာများတွင်လဲ ဆန်ကိုအပိုအလျှံ မထားနိုင်စေရန် ကျေးရွာလူထု လုံလောက်ရန်သာ ခွဲတန်းချပေးသည်။သို့ဖြင့် ကျေးရွာလူထုသည် ဆန်နို့ဆီ တစ်ဘူးပင် ဗကပ တို့အား မပေးရရန် သိုဝှက်လာကြသည်။

ထို့ပြင် အနှစ်နှစ် အလလ က နှီပ်စက်လာသောဒါဏ်ကြောင့် နာကျည်းနေသော ပြည်သူလူထုသည် တပ်မတော်နှင့် ပူးပေါင်းကာ ဗကပ ချုပ်ခြိမ်းရန် အစွမ်းကုန်ကြိုးစားလာကြသည်။ လက်တလောအခြေအနေကိုသည်းခံကာ ဗကပ တို့အား ငစိန်ကျည်ဆန်ဖြင့် တိုက်ခိုက်ခဲ့ကြသဖြင့် တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲ့ ၀င်တို့မှ ပစ်ခတ်သော သေနတ်ကျည်ဆန် ထက်ပင် ဗကပ တို့ အထိ နာခဲ့ကြသည်။ ထို့ကြောင့် ထိုစစ်ဆင်ရေးသည် ပြည်သူတို့၏ အောင်ပွဲ ဟုပြောရမည်ဖြစ်သည်။

ကျေးရွာ လူထုသည် ထိုစစ်ဆင်ရေးတွင် ဗကပ တို့အး ရိက္ခာဖြတ်ခြင်း ၊ ရိက္ခာလာတောင်သော ဗကပ တို့အား ရိက္ခာ မပေး သည့် အပြင် ပြန်လည်တိုက်ခိုက် သတ်ဖြတ်ခြင်း  တပ်မတော်သို့ ဗကပ တို့ ၏ သတင်းများ ပေးပို့ခြင်းတို့ ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ကြသည်။

ဗကပတို့သည် တပ်မတော်နှင့်ပြည်သူ့စစ်တို့မှ ပစ်ခတ်သော သေနတ်ကျည် ဆန် ကို လွတ်ေ အာင် ရှောင် နိုင်သော်လည်း ပြည်သူတို့ပစ်သော ငစိန်ကျည်ဆန်ကိုလွတ်အောင် မရှောင်နိုင်ေ တာ့ပေ။ ထို့ကြောင့် သြဂုတ်လမှ စ၍ လက်နက်ချ အလင်းဝင်ရောက်မှု များပိုမိုများပြားလာခဲ့သည်။ ထို့ပြင် ၁၉၇၄ ခုနှစ် နိုဝင်ဘာလတွင် မဒညတ နှင့် ပူးတွဲသည့် ဗကပ တပ်အင်အားမှာ ပြိုကွဲလာခဲ့ပြီး လကုန်ခန့်တွင်မှု မရှိတော့သလောက်နည်းပါးသွားခဲ့သည်။

နိုဝင်ဘာလ ( ၁ ) ရက်နေ့တွင် တပ်မတော်သည်ပြည်သူလူထုသတင်းပေးချက်အရ ကိုင်းချောင်းနှင့် ဖျံချောင်းအကြားရှိ ဆေးရုံ ဗကပ အခေါ် အလင်းရောင် စခန်းအား တိုက်ခိုက်ခဲ့ရာ နို့တစ်လုံးစိန် ( ခေါ် ) မစိန်ဝင်း ၊ ပီကင်းပြန် ဥာဏ်ကျော် နှင့် မရှုမေ ( ခေါ် )မြမြ ၊ မခင်မာ ၊ ဒေါ်တင် နှင့် တင်စိုး အပါအ၀င် ( ၆ ) ဦး သေဆုံးပြီး အလင်းရောင်စခန်း ပြိုကွဲခဲ့သည်။ နို့တစ်လုံး စိန် ( ခေါ် )မစိန်ဝင်းအကြောင်း အနည်းငယ်ရှင်းပြလိုပါသည်။ မစိန်ဝင်းမှာ ပြည်ပပြန် နစ်ဖြူမယ် တစ်ဦးဖြစ်သည်။ သဘောတရားရေးရာ တွင် ကျွမ်းကျင်သူမျှ သာဖြစ်ပြီး စစ်ရေးတွင် မစွမ်းဆောင်နိုင်ပေ။ သို့ရာတွင် သတင်းထောက်များ နှင့်ပြည်သူတို့မှ ချဲ့ကားချက်တို့ကြောင့် စစ်မျက်နှာ အသီးသီးတွင် ဦးဆောင်ခဲ့သူအဖြစ်ကျော်ကြားလာခဲ့သည်။၎င်း၏ လုပ်ဆောင်ချက်များ ကို မဟာနန္ဒာ စာပေမှ ထုတ်ဝေသော ဇင်- ချစ်နောက်ဆုံး ( ၂ ) တွင် ဖတ်ရှုကြည့်မည်ဆိုပါက တွေ့ရမည်ဖြစ်သည်။ မစိန်ဝင်း ကုထူးခြားသောအမည် မှည့်ခေါ်ရာတွင် အယူအဆ အမျိုးမျိုး ရှိခဲ့ကြသည်။ အချို့ က ၄င်း ၏ မိန်မအင်္ဂါချွတ်ယွင်းချက် ကြောင့် ( မပြည့်စုံမှု ကြောင့် ) ဟု ထင်ကြပြီး အမှန်တကယ်မှာ သူ့လို လူ နှစ်ယောက်မရှိ No Two စိန်မှ နို့တစ်လုံးစိန် ဟု ဖြစ်လာခြင်း သာဖြစ်သည်။

ဖော်ပြခဲ့သည့်အတိုင်း ၁၉၇၄ ခုနှစ် မကုန်မှီမှာပင် ဗကပတို့၏ မြို့နယ် တပ်များ ပြိုကွဲ ကုန်ကြပြီ ဖြစ်ရာ ဗကပ ( ဗဟို ) သာလျှာင် ရီုးမထဲတွင် တောင်ပြေး မြောက်ပြေး ပုန်းရှောင်ရင်း နောက်ဆုံး အချိန် ကိုစောင့် စားလျက်ရှိသည်။ တောင်ပေါ် ၁၄ ရါာအား ရဲနွယ် စီမံကိန်းအရ ပြောင်းရွေ့ သောအခါ ဗကပ တို့ သည် တောင်ပေါ် ၁၄ ရွာ အား အမှီသဟဲ မပြုနိုင်တော့ဘဲ ရဲနွယ်ချောင်ဖျားမှ ပဲခူးချေားဖျား တောင်ပေါ် ၉ ရွာ တည်ရှိရာ တာတလူ မြှောင် သို့ ပြောင်းရွေ့ခဲ့ကြသည်။ ထိုအချိန်တွင် ရဲဘော် သက်ကျဆုံးပြီး အောင်နိုင်တပ်ပြိုကွဲ အောင်ဇေယျတပ် ကစဥ့်ကလျားဖြစ်နေချိန်ဖြစ်သည်။ ဗကပ ဗဟိုသည် တာတလူစခန်းတွင် အခြေပြုလျာက် အင်အားမှာ ၆၂ ဦးသာ ကျန်ရှိတော့သည်။

၁၉၄၇ အောက်တိုဘာ ၁၈ ၀၄၁၀ ချိန်တွင် ရတ ခလရ ( ၆ ) နှင့် ( ၇၀၇ ) ကွန်မန်ဒို စစ်ကြောင်းသည် တာတလူစခန်းအား လေးဘက်လေးတန်မှ တိုက်ခိုက်ကြလေတော့သည်။ ဗကပတို့ ဖယိုဖရဲ ဖြစ်သွားကာ လေးစု ကွဲသွားပြီး ဆုတ်ခွာထွက်ပြေး ကြရသည်။ သခင်ဇင် ခေါင်းဆောင်သော အစုတွင် ဥာဏ်မြင့် ( ခေါ် ) စံမတူ ( ၇ ) နှစ် ၊ ရဲဘော်ထွေး ( ခေါ် ) သိန်းထွန်း ( ၈ ) နှစ် ၊ ရဲမြင့်  ( ခေါ် ) တင်ထွန်း ( ၁၀ ) နှစ် ၊ ရဲတင့် ( ခေါ် ) သက်ပြင်း (  ၁၁ ) နှစ် ၊ သော်က ( ခေါ် ) ဘလုံ ( ၉ ) နှစ်စသော ကလေးများ ပါဝင်ပြီး အင်အား မှာ ၄၂ ဦး ဖြစ်သည် ။ သခင်ဇင်တို့ လူစုသည် ပြိုကွနြေသော ဗကပ တို့အား ညာပလား ရွာသား ဦးဒေါင်းအား စုစည်းစေပြီး သစ်ကြီး မြောင်ဘက် လမ်းကြောင်းမှ ကွင်းချောင်း လက်တက် ဥိးရွှေပြည် တဲအနီး  မင်းလှမြောင်သို့ ဆုတ်ခွာခိုအောင်းနေခဲ့ကြသည်။ သခင်ဇင်တို့လူစုအား အနီးနားကျေးရွာများမှ လုံးဝအကူညီ မပေးတော့ သည့် အပြင် တပ်မတော်နှင့် ပူးပေါင်းကာ လိုက်လံ တိုက်ခိုက်နေသည့် တွက် တောင်ငူဘက်သို့ ဖြစ်သည့်နည်းဖြင့် ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ကြသည်။

သခင်ဇင်တို့ လူစုသည် တာတလူမှ ဆုတ်ခွာခဲ့ပြီး အုတ်တွင်း - ပေါက်ခေါင်းလမ်း ၏ မြောက်ဘက် သို့ ဦးတည်ခဲ့ကြသည်။ ၀မ်းချောင်ကမ်းပါးတွင် စခန်းချနေစဉ် တပ်မတော်“ တိုက်ခိုကခြင်း ကိုနောက်တကြိမ်ခံ ရသဖြင့် လမ်းပြများထွက်ပြေး သွားခဲ့ကြသည်။ ဗကပ ဗဟိုသည် အုတ်တွင်း ပန်းတင်တောင် ခလရ( ၄၈ ) အနီးတွင် ခိုအောင်းနေ ရာကြည်နီတပ်မှ တင်ဟန် ဆိုသူ အလင်းဝင် သွားသောကြောင့် လုံခြုံမှု မရှိတော့သဖြင့် ဇေယျဝတီ နှင့် ညောင်ပင်သာ အနောက်ဘက်ကြောသို့ ရွှေ့ပြောင်းခဲံကြ ရပြန်သည်။ အုပ်စုများကွဲနေသော ဗဟိုတွင် အစာရေစာ ငတ်ပြတ်ခြင်း ကြောင့် စိတ်ဓါတ်ကျဆင်းလျက် ထွက်ပြေးသူ လက်နက်ချ အလင်းဝင်သူတို့ကြောင့် အင်အား ၃၀ ခန့သာ ကျန်ရှိတော့သည်။

ထိုအတွင်း ဗဟိုအတွက် ရီက္ခာ ရှာရန်လွှတ်လိုက်သော သူများ မှာလည်း အလင်းဝင်ရောက်သွားကြသဖြင့် အလင်းဝင်ရောက်သူ ရှိတိုင်း လုံခြုံမှု မရှိသဖြင့် ရှေင်တိမ်းပြေးလွှားခဲ့ကြရသည်။ အတွင်းရေးမှုး သခင် ချစ်သည် တာတလူမြောင် တိုက်ပွဲတွင် လူ ၁၃ ဦးဖြင့် လူစုကွဲသွားပြိး ရဲနွယ်ချောင်းတွင်သာ မှီခိုနေခဲ့ကြသည်။ ထိုအတောတွင်း ကိုင်းချောင်းအနီးတွင် ရှမ်း သနက ( ၁ ) နှင့် တွေ့ဆုံ တိုက်ပွဲဖြစ်ပွားရာ ၄ ဦးထပ်မံ၍ ကွဲသွားခဲ့သည်။

၁၉၇၄ ခုနှစ် အေက်တိုဘာ၂၈ ရက်တွင် သခင်ချစ်အဖွဲ့မှ ကွဲလာသော တောခို တရုတ် ကျောင်းသား ရန်ကွမ်းလုံ ( ခေါ် ) ထွန်မင်း ( ခေါ် ) မင်းနိုင် သည်မြသာတဲ ရွာသို့ ၀င်ရောက် ရိက္ခာ တောင်းရာမှ ရွာသားများ၏ သူတ်သင်ခြင်း ကိုခံလိုက်ရသည်။ ၁၉၇၄ နိုဝင်ဘာ ၂ တွင် သခင်ချစ် အဖွဲ့မှ ကွဲထွက်လာသော ဗဟိုကော်မတီဝင် ရဲဘော်ထွန်းစိန် ( ခေါ် ) ဗာကယ် မှာ ဗန္ဓယော်ရွာ အနီးတွင် တပ်မတော်မှ ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။ နိုဝင်ဘာ ၂၀ ရက်နေ့တွင် သခင်ချစ်အဖွဲ့မှ ကွဲ ထွက်လာသူမျာသည် ရတ ခလရ ( ၆ ) နှင်ံ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး ကွန်မြူနစ် အမျိုးသမီး နှစ်ဦး သေဆုံး သွားခဲ့ သည်။  တစ်ဦးတည်းကျန်ရစ်သူ မမြင့်ဌေး ( ခေါ် ) အမြင့် သည် နှစ်လနီးပါးမျှ တော်တွင်းတယောက်ထဲ အငတ်ငတ်အပြတ်ပြတ်ဖြင့် မျက်စိလည်နေရာမှ ၁၉၇၅ ဇန်န၀ါရီ ၁၀ တွင် ရတ ခမရ ( ၁၀၄ )  စက မှ တွေ့ရှိ အလင်း ၀င်ခဲ့သည်။

အတွင်းရေးမှုး သခင်ချစ်နှင့် ၆ ဦးသာ ကျန်တော့ သောအဖွဲ့သည် ၁၉၄၇ နိုဝင်ဘာ ၂၆ ရက်နေ့တွင် တုံခမ်းချောင်းအနီး မြသာတဲ တွင် ခိုအောင်းနေစဉ် ရတ ခမရ ( ၁၀၇ ) စစ်ကြောင်းမှ တိုက်ခိုက်ခံရကာ ပဲခူးခရိုင်ဆေးမှုး ဗိုလ်မင်းအေး နှင့် တောင်ငူ ခရိုင်ဆေးမှုး ရဲဘော် လှကျော်တို့သေဆုံးခဲ့သည်။ အတွင်းရေးမှုး သခင်ချစ်နှင့် ၄ ဦး သည် ဥက္ကဌ သခင်ဇင်နှင့် ပြန်လည် ပူးပေါင်းမိရေး ကြိုးစားခဲ့ကြရာမှ ၁၉၇၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကောလည်ချောင်းလက်တက် ဆင်နှာမော င်းချောင်းဖျားတွင် ပြန်လည်ပူးပေါင်းမိသွားခဲ့သည်။

ဥက္ကဌ သခင်ဇင် က အဖွဲ့နှစ်ဖွဲ့ပြန်လည်ပူးပေါင်းမိခြင်းသည် အောင်မြင်မှု လမ်းစဖြစ်ကြောင်း အစာရေစာပြတ်လပ်မှု နှင့် ဖြတ်လေးဖြတ်အား အနိုင်ယူနိုင်ရေး လမ်းညွှန်ခဲ့ကြောင်းတွေ့ ရသည်။ ယခုအခါတွင် ဗကပ တို့၏ ကြွေးကြော်သံများသည် ယခင်လောက် မ၀င့်ကြွားဘဲ အားပျော့ နေပြီဖြစ်သည်။ ဖေဖော်ဝါရီလ ၂၄ ရက်တွင် မမြကြည် ကို တပ်မတော် စစ်ကြောင်း မှ ဖမ်းဆီးမိပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဗဟို အား ရတ ခမရ ( ၁၀၂ ) စက မှဝင်ရောက်တိုက်ခိုက်ခဲ့ပြန်ရာ ဗဟိုကော်မတီ ၀င်ရဲဘော်တုတ် ၊ ဗဟိုရုံးအုပ် ပီကင်းပြန် ရဲဘော်ညို ( ခေါ် ) တင်ထွေး ၊ လမ်းပြ ဥိးဒေါင်းတို့ သေဆုံးသွားသည်။ စိုးမောင်ခေါင်းဆောင်သော ၆ ဦးအဖွဲ့မှာ လူစုကွဲသွားပြီး တပ်မတေ် ထံသို့ လက်နက်ချ အလင်းဝင်ကုန်ကြသည်။

ဗကပ ဗဟိုအဖွဲ့ မှာနှစ်ဖွဲ့ပြန်လည်ပေါင်းစည်းမိသော်လည်း အစာရေစာ ငတ်ပြတ်ကာ အင်အားချိနဲ့နေပြီ ဖြစ်သည်။ ထိုအချိန်တွင် တပ်မတော်၏ ထပ်ကျပ်လိုက်လံ တိုက်ခိုက်မှုကြောင့် လက်နက်ချသူများ အလင်းဝင်သူများ အတော်မသတ်အော င် ဖြစ်ပေါ်လျက် ရှိသည်။ ၁၉၇၅ မတ်လ ၅ ရက်နေ့တွင် သခင် ချစ် ၏ ကိုယ်ရံတော် ညိုတင်နှင့်မောင်သိုက်တို့သည် ဗကပ ဗဟိုမှ ထွက်ပြေးပြီး အမှတ် (၃၀ ) ခြေလျှင်တပ်ရင်း သို့ အလင်းဝင်ခဲ့သည်။ ညိုတင်တို့ မပြေးမှီ မတ်လ ၃ ရက်နေ့တွင် ရတခမရ ( ၁၀၇ ) စစ်ကြောင်း သည် ကြက်ဖင်နီချောင်းတွင် စခန်းချနေသော ဗကပ ဗဟိုအား ၀င်ရောက်တိုက်ခိုက်ပြန်သည်။ မတ်လ ၄ ရက်နေ့တွင်လည်း ရတခမရ (၁၀၇ ) စစ်ကြောင်းနှင့်ပင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။

သခင်ဇင်နှင့် သခင်ချစ်သည် ပီကင်းပြန်မစိန်ဝင်း ခေါင်းဆောင်သော အလင်းရောင် စခန်းမှ အခြေမပျက်ရှိနေလိမ့်မည်၊ အောင်ဇေယျနှင့် အောင်နိုင်တပ်တို့မှာ တပ်မတော်၏ ထိုးစစ်အား ထိုးစစ်ဖြင့် ရိုက်ချိုးနေလိမ့်မည် ဟု ထင်မှတ်ထားခဲ့ကြသည်။ ထို့ကြောင့် ရေနစ်သူ အားကိုးရာကောက် ရိုးတမျှင်ကဲ့သို့ အလင်းရောင်စခန်းသို့ မရောက်ရောက်အောင် သွားရောက်ခဲ့ကြသည်။ သို့သော် သခင်ဇင်နှင့် သခင်ချစ်တို့၏ မျှော်လင့်ချက်မှာ အလင်းရောင် စခန်းသို့ရောက်သောအခါ ပျက်ဆီးသွားခဲ့ရသည်။ အလင်းရောင်စခန်းသည် စခန်းပျက်၊ ပြာပုံ မြေပုံ များ အရိုးစုများ ဖြင့် လူသူကင်းမဲ့ နေပေပြီ။ အလင်းရောင်စခန်းမှာ ဆုံးရှုံးခဲ့ပြီဖြစ်သည်။ အောင်ဇေယျနှင့် အောင်နိုင်တပ်တို့မှာလဲ အလင်းဝင်သူများ လက်နက်ချသူများ ဖြင့် ပြိုကွဲ နေပြီ ဖြစ်သည်။

ထို့ကြောင့်လဲ သခင်ဇင်တို့မှာ များစွာ စိတ်ဓါတ်ကျဆင်းခဲ့ကြပြီး မတ်လ ၉ ရက်နေ့တွင် ရိက္ခာ ရှာဖွေရေးအတွက် စေလွှတ်လိုက်သော ညိုမှိုင်း ( ခေါ် ) ရဲညွှန့် နှင့် ချစ်မောင်တို့အား စေလွှတ်လိုက်ရာ ရတ ရှမ်းသနက ( ၁ ) ၏ ချေမှုန်းခြင်း ကိုခံလိုက်ရပြန်သည်။ မတ်လ ၁၀ ရက်နေ့တွင် အသက် ၁၀ နှစ် အရွယ် ဘလုံ ( ခေါ် ) သော်က ကို တပ်မတော်မှ ဖမ်းဆီးရမိသွားခဲ့ရာ ၄င်းနှင့် အတူ ဥက္ကဌ သခင်ဇင် ၏ ပစ္စတို နှင့် မှတ်စု မှတ်တမ်းဖိုင်များ စစ်သုံးမြေပုံ ၇၂ ချက် ဆုံးရှုံးခဲ့ပြန်သည်။ သခင်ဇင်နှင့် သခင်ချစ်သည် ၄င်းတို့ အတွက် လုံခြုံရာ နေရာမှာ တောင်ပေါ် ၁၄ ရွာအောက်ပိုင်း ဖွတ်ကျားချောင်းသာဖြစ်သည် ဟု သုံးသပ်ခဲ့ကြသည်။ ထို့ကြောင့်လဲ ထိုဖွတ်ကျားချောင်းသို့ မရောက် ရောက်အောင် သွားရောက်ခဲ့ ကြပြန်သည်။

ဖွတ်ကျားချောင်း သို့ရောက်သောအခါ ဗကပ ဗဟိုတွင် သခင်ဇင် သခင်ချစ် အပါအ၀င် ၉ ဦးသာ ကျန်ရှိတော့သည်။ ထို ကိုးဦးမှာလဲ လူကြီး ငါးဦးနှင့် ကျန်လေးဦးမှာ အသက် ၇ နှစ် အရွယ် နှင့် အသက် ၁၁ နှစ်အရွယ် ကလေးများ ဖြစ်ကြသည်။ သခင်ဇင်နှင့် သခင်ချစ်တို့ မှာ ယခုကဲ့သို့ ပြေးလွှားနေရသော်လည်း နောက်လဆိုလျှင် တော်လှန်ရေး အောင်မြင်တော့ မည်ဟု ကလေးများ ကို ချော့မော့ထားခဲ့ရသည်။သို့ရာတွင် အခြေအနေကိုနားလည်ပြီး ရဲမြင့်နှင့် ရဲထွေး ညီအကိုနှစ်ဦးမှာ ထွက်ပြေးခဲ့ကြသည်။ ၄င်းတို့အား တပ်မတော် စစ်ကြောင်းမှ တွေ့ရှိပြီးကောင်းမွန်စွာပြုစု စောင့်လျှောက်ထားခဲ့သည်။

၁၉၇၅ ခုနှစ် မတ်လ ၁၅ စနေနေ့ တွင် သခင်ဇင် နှင့် သခင် ချစ် တို့လူစု သည် ဖွတ်ကျားချောင်း ချောင်း ဖျား ဖုန်း ဆိုးတော တွင် ခိုအောင်းနေရာမှ ဥာဏ် မြင့် အား ကန်ဇွန်းဥတူးရန်စေလွှတ်လိုက်သည်။ ဥာဏ်မြင့် နှင့် အတူ ရဲတင့် ပါလာကာ ထို ကလေး နှစ် ဦးအား တပ်မတော် စစ်ကြောင်းမှ စတင်တွေ ရှိပြီး သခင်ဇင် တို့ နေရာ အားလိုက် လံ ပြသ ရာမှ တိုက်ပွဲ ဖြစ်ပွားတော့ သည်။ တပ်မတော် မှ လက်နက် ချရန် ကမ်းလှမ်းသော် လဲ သခင်ဇင် တို့မှ အမ် ၇၉ ဖြင့် စတင် ပစ်ခတ်ရာမှ အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တပ်မတော် သည် နိုင်ငံ ရေး သမိုင်းကြောင်း ရှိသူများ ဖြစ်သည့် သခင် ဇင် နှင့် သခင် ချစ် တို အား လက်နက် ချအလင်း ၀င်ရောက်စေလိုသော် လဲ ၄င်းတို့မှ တိုက်ခိုက်နေပြီ ဖြစ် သဖြင့် မိမိ ကိုယ်ကို ကာကွယ် တိုက်ခိုက်ရာ ပစ်ခတ်ရာ နောက်ဆုံးတွင် ၁၉၇၅ခုနှစ် မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာ ရီ မိနစ် ၅၀ အချိန်တွင် ကျဆုံး သွားကြလေတော့သည်။

သို့ဖြင့် ပဲခူး ရိုမ ရှိ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်သည် ပြည်သူနှင့် တပ်မတော် ၏ လက်တွဲ ချေမှုန်းခြင်း ကို ခံလိုက် ကြရလေသည်။ အဆိုပါအောင်  စိုးမိုး စစ်ဆင်ရေးတွင် တပ်မတော် အနေဖြင့် ဗကပ တို့ ထံမှ ကာဘိုင် ၇၈ လက် ၊ ဂျီ - ၃ -- ၁၀၅ လက် ၊ ဂျီ-၄ -- ၄၁ လက်၊ ပစ္စတို ၂၆ လက်၊ နှစ်လက်မ စိန်ပြောင်း ၃ လက်၊ အမ်- ၇၉ -- ၇ လက်၊ ရိုင်ဖယ် ၁၃၁ လက်  ၊ စတင်း ၂၄ လက်၊ ခြောက်လုံးပြူး  ၇ လက်၊ အမ်-၁ -- ၂လက်၊ နှစ်လုံးပြူး ၅ လက်၊ ပွိုင့် ၂၂ -- ၁လက်၊ စက်လတ် ၂ လက် နှင့် စ်ကလေး ၁၃ လက  စုစု ပေါင်း ၄၄၅ လက် သိမ်းဆည်းရရှိခဲ့သည်။

အလားတူ အချင်းချင်း ဖြုတ် ထုတ် သတ်လမ်းစဉ် နှင့် ရပ်တည်မှု လမ်းစဉ် မှား ယွင်းကြောင်း သိရှိလာခြင်း ကြောင့် အလင်းသို့ ၀င်ရောက်လာသော သူများမှာ ဗဟိုကော်တီဝင် ဦးစိန်ထွန်း ( ခေါ် ) ဗာကယ် ၊ ဗဟို ကင်း တပ်မှုး အောင်မြ ကြည်  ၊ ဗဟိုကင်း ဒုတပ်မှုး ဘညို ( ခေါ် ) မောင်ပိုက် ၊ သခင် ချစ် ၏ ကိုယ်ရံတော် ညို တင် ၊ဗဟို ဆေး တပ်သား ဒေါ်လုံး ( ခရိုင်ကော်မတီဝင် ဦးထွန်းလင်း ၏ ဇနီး ) ဗဟို တပ်စိတ်မှုး မရင်ကြည် ( ခရိုင်ကော်မတီဝင် ဦးထွန်းလင်း ၏ သမီး ) ၊ ဗဟို ဆေး တပ်သား မကြင်မြ ( မြိုကနယ်ကော်မတီ ဦးတင်ကျန်၏ သမီး ) ၊ ဗဟိုကြေးနန်းတပ်သား မမြင့်ဌေး ( ခေါ် ) မသန်းမြင့် ( ဆေးမှုး ဦးလှကျော်၏ သမီး ) ဗဟို တပ်နီလူငယ်များဖြစ် ကြသော အာင် ရှီန် ၊ မောင်သိုက် ၊ သော်က ( ခေါ် ) ဗလုံ ၊ ရဲ မြင့် ၊ ရဲထွေး ၊ ရဲဝင်း ၊  အောင်ဇေယျ တပ်မှုး သိန်းထွန်း ၊ အောင်နိုင် တပ်ခွဲ မှုး တင်ထွန်း ၊ အောင်နိုင် တပ်စု မှုး သန်းအောင် ( အလင်းဝင် ရဲဘော်မြ၏ သားငယ် ) အောင် နိုင် တပ်စုမှုး သန်းဆောင် (အလင်းဝင် ရဲဘော်မြ၏ သားကြီး ) ၊ အောင်နိုင် ကြေးနန်းတာဝန်ခံ ကျော်ဝေ၊  အောင်နိုင် ဆေးတပ်သား မကျင်လှ ( မြို့နယ် ကော်မတီဝင် ဦးတင်ကျန်၏ သမီး ) အောင်နိုင် ဒုတပ်စိတ်မှုး မခင်မြိုင် ( ဗဟိုကော်မတီဝင် သခင်တင်ထွန်း၏ သမီး ) တို့ဖြင်ကြပေသည်။

မည်သို့ပင်ဆိုစေကာမူ ပဲခူးရီုးမရှိ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟို ဌာနချုပ်သည်ကား ပြည်သူနှင့် တပ်မတော်၏ လက်တွဲ ချေမှုန်းမှု ကြောင့် လုံးဝ ပြိုကွဲသွားခဲ့ ရပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူနှင့် တပ်မတော်၏ လက်တွဲ အောင်မြင်မှု တခု အနေဖြင့် ပဲခူး ရိုးမ သည် ထိုအချိန်မှ စတင်၍ အဖြူရောင်ဒေသ ၊သောင်းကျန်းမှု ကင်းစင်သော ဒေသ ၊ ဖွံ့ဖြိုး တိုးတက်သော ဒေသ ၊ အေးချမ်းသာယာသော ဒေသ အဖြစ် ၁၉၇၅ခုနှစ် မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာ ရီ မိနစ် ၅၀ အချိန်မှ ယနေ့ ယခု အချိန်ထိ ရပ်တည် နေနိုင်ခြင်း ဖြစ်ကြောင်း ပြည်သူနှင့်  ပြည်သူ့ တပ်မတော် ၏ လက်တွဲ တိုက်ခိုက် အောင် မြင်မှု တစ်ခု အား ရေးသားဖော်ပြ အပ်ပါသည်။

၆၈ နှစ်မြောက် တပ်မတော်နေ့ အား ဂုဏ်ပြု သောအားဖြင့် .....

လင်း လက် လူ

No comments:

Post a Comment