Social Icons

Pages

Friday, February 8, 2013

ပြောက်ကျား

ကရင်ပြည်နယ်၏ သာယာလှပသော တော၊ တောင်၊ ရေမြေများ အကြားဝယ် သာယာလှပမှုကို ဖျက်စီးနေ ကြသူ များကား ကရင်သောင်းကျန်းသူ များဖြစ်ပေသည်။ ကရင်ပြည်နယ်ရှိ ပြည် သူလူထု ၏ဘ၀ ကိုမြှင့်တင်ရမည့်အစား လူသတ်၊ ဆက်ကြေးကောက်၊ မိုင်းထောင်၊ ရွာမီးရှို့ အစရှိသည့် ရက်စက်ယုတ်မာ မှုများနှင့်အတူ ကရင်ပြည်နယ်လွတ်မြောက်ရေးဟု ကြွေးကြော်လျက် ရည်ရွက်ချက်ခိုင်မာမှုမရှိပဲ လူနည်းစုကောင်း စားရေးအတွက် ရှေ့တန်းတင်ကာ ကရင်သောင်းကျန်းသူတို့ လုပ်ဆောင်နေ ကြပေ သည်။ ဤသို့ဖြင့် ကရင်ပြည်နယ်သည်ကား ယင်းတို့၏ ရက်စက်ယုတ်မာမှုများဖြင့် အကျည်း တန် ၍ ေ နေ ပတော့သည်။


အချိန်ကား ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့ဖြစ်ပါသည်။ ဖားအံမြို့၏ တစ်ဘက်က မ်း တွင် ရှိသော မြိုင်ကလေး ကမ်းခြေတွင် လူများ ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေကြသည်။ ၄င်းတို့မှာ တပ်မ (--) နည်းဗျူဟာ (---) လက်အောက်ခံ တပ်ရင်း (၃) ရင်းမှ စစ်သည်များပင်ဖြစ်သည်။ မကြာမီအ ချိန် အတွင်း မော်လမြိုင်ဘက်မှ သင်္ဘောကြီး (၇) စင်း မြိုင်ကလေး ဆိပ်ကမ်းသို့ ဆိုက်ရောက်လာရာ နဗဟ (---) ဗျူဟာမှူး၏ အမိန့်နှင့်အတူ လက်အောက်ခံတပ်ရင်း (၃) ရင်းမှ တပ်ရင်းမှူးများ ဦးစီး၍ သတ်မှတ် ထားသော သင်္ဘောများပေါ်သို့ အသီးသီးတက်ရောက်သွားကြသည်။ ထို့နောက် အချိန်တိုတိုအတွင်း သင်္ဘော (၇) စင်းသည် အစီအစဉ်အလိုက် သံလွင်မြစ်ကိုဆန်၍ ကမမောင်းသို့ ထွက်ခွာသွား တော့သည်။

ကမမောင်းသို့ရောက်သောအခါ (---) နဗဟမှူးမှ တပ်ရင်းမှူးများကို လိုအပ်သည်များမှာကြား၍ သံ လွင်မြစ် အရှေ့ဘက်ကမ်းမှ (၂) ရင်း၊ သံလွင်မြစ် အနောက်ဘက်ကမ်းမှ နဗဟ (---) နှင့် (၁) ရင်း စတင်ချီ တက်ခဲ့သည်။ နဗဟ (---) နှင့် တပ်ရင်း (၃) ရင်းသည် ကော့ကရိတ်၊ မဲဆိပ်၊ ကျောက်ပုလု၊ တပ်ကြီးအထိ သံလွင်မြစ် ကမ်းရှေ့နောက် ရှင်းလင်း ချီတက်ပြီးနောက် ရတတပ်မ (--) အခြေပြု ထား သည့် နော်တရာစခန်းသို့ သွားရောက်ပူးပေါင်းခဲ့သည်။

ရတတပ်မမှူး၏ ညွှန်ကြားချက်အရ နဗဟ (---) နှင့် နဗဟ (---) တို့သည် သတ်မှတ်ပေးထား သည့် နယ်မြေ အတွင်းသို့သွားရောက်ကြသည်။ နဗဟ (---) သည် ရည်မှန်းချက်ဖြစ်သော ပွိုင့် ၄၀၄၄ တောင် ကုန်း၏ အနောက်တောင်ဘက် ကိုက် ၃၀၀၀ အကွာတွင် ခြေကုတ်ယူရသည်။ နဗဟ (---) တွင် အမှတ် (-) အမြောက်တပ်ရင်း လက်အောက်ခံ အမှတ် (-) အမြောက်တပ်ခွဲ တစ်ခွဲ ပါရှိသည်။

၁၉၉၂ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် နဗဟ (---) မှ နဗဟမှူး ခေါ်ခိုင်းသဖြင့် အမြောက်တပ်ခွဲမှူး ဗိုလ်ကြီး စန်းလွင် သည် မြေပုံအိပ်ကိုယူ၍ အလျင်အမြန် ဗျူဟာရုံးရှိရာသို့ထွက်ခဲ့၏။ ဗျူဟာကုန်း သို့ ရောက်သောအခါ နဗဟမှူးက “လာ ကိုစန်းလွင် အရေးကြီးလို့ ခင်ဗျားကိုခေါ်ခိုင်းလိုက်တာ၊ အခုပဲ အထက်ကညွှန်ကြားချက်ဝင်လာတယ်။ ဒါကတော့ မနက်ဖြန် မတ်လ (၁၄) ရက်နေ့ ပွိုင့် ၄၀၄၄ တောင်ကုန်းကို ကျွန်တော်တို့တပ်မ အပြီးသိမ်းရမယ်။ ပွိုင့် ၄၀၄၄ ရဲ့ အနောက်တောင်ဘက် စမ်းေ ချာင်း ရှိတဲ့ဘက်ကနေ ကျွန်တော်တို့ဗျူဟာက ခမရ (-) တပ်ရင်းက တက်တိုက်မယ်။ ဒီလိုပဲ ပွိုင့် ၄၀၄၄ ရဲ့ အနောက်ဘက်ကနေ နဗဟ (---) က တပ်ရင်းတစ်ရင်း တက်တိုက်မယ်။ ဒီတော့ ခင်ဗျားဆီက အမြော က်တွေ အသင့်ဖြစ်ဖို့နဲ့ ခင်ဗျားရဲ့အကဲကြည့်ကိုလည်း လိုအပ်တာတွေ ပြင်ဆင်ထားဖို့ မှာထားပါ။ ခင်ဗျား အတွက် လိုအပ်တဲ့ အမြောက်ကျည်တွေကိုတော့ ခလရ (-) မှ ဗိုလ်မှူးကိုလေးနဲ့အဖွဲ့ကို ဒီနေ့ ညနေ (၁၅၀၀) နာရီအပြီး အောင်မြေစခန်းကုန်းကနေ ခင်ဗျားဆီကို ရောက်အောင်သယ်ခိုင်းထားတယ်။ ခင်ဗျား တို့ အသင့်ဖြစ်နေရမဲ့ အချိန်ကတော့ မနက်ဖြန် မနက် (၀၆၀၀) နာရီပဲ။

“ဘာမရှင်းတာရှိလဲ”

“မရှိပါဖူး ဗျူဟာမှူး”

ဗျူဟာမှူး က “ဒါဖြင့်ရင် ခင်ဗျားလုပ်စရာရှိတာ ဆက်လုပ်တော့”

ဗိုလ်ကြီးစန်းလွင်သည် ဗျူဟာမှူးအား အလေးပြုပြီး အမြောက်စခန်းသို့ပြန်လာခဲ့၏။ စခန်းသို့ ရောက်ေ သာ အခါ တပ်ခွဲအရာခံဗိုလ် နှင့် အမြောက်တပ်ကြပ်ကြီးများအား ခေါ်၍

“ခင်ဗျားတို့ နားထောင် အထက်ကညွှန်ကြားချက်အရ မနက်ဖြန် ပွိုင့် ၄၀၄၄ ကို မနက် (၀၆၀၀) နာရီက စပြီး ပစ်ကူပေးရမယ်။ ဒီတော့ အမြောက်တွေကိုလည်း နေရာသေသေချာချာပြန်ချပါ။ အချိန်နဲ့တပြေးညီ ပစ်ကူေ ပးနို င်အောင် ခဲယမ်းတွေကိုလည်း ပြင်ထားပါ။ မနက်ဖြန်ပေးရမဲ့ပစ်ကူက အရေးကြီးတယ် ဘာလို့ လည်း ဆိုတော့ မတ်လ (၁၄) ရက်နေ့ အပြီး ကျွန်တော်တို့တပ်မက ဒီတောင်ကု န်းကို အပြီး သိမ်းရမှာဖြစ်လို့ပဲ၊ အခု အချိန်ကစပြီး ခင်ဗျားတို့ လုပ်သင့်တာကို လုပ်တော့”။

တပ်ခွဲအရာခံဗိုလ် နှင့် အမြောက်တပ်ကြပ်ကြီးများလည်း တပ်ခွဲမှူးအားအလေးပြုပြီး မိမိ အမြောက်များအ လိုက် လိုအပ်သည်များ ပြင်ဆင်ကြသည်။ တပ်ခွဲမှူးလည်း မိမိလက်အောက်ရှိ အကဲကြည့်အရာရှိ ဗိုလ်ထွန်းေ အာင်ထံ ကြေးနန်း ဖြင့် အကဲကြည့်နေရာ သေချာပြင်ဆင်ထားရန် မတ်လ (၁၄) ရက်နေ့အပြီး၊ ပွိုင့် ၄၀၄၄ တောင်ကုန်းအား သိမ်းပိုက်နိုင်ရန် ထိရောက်သော ပစ်ကူပေးနိုင်ဖို့အပြင် မှတ်ပုံတင်ပစ်မှတ် စာရင်း များ အား ပေးပို့လိုက်သည်။

ဗိုလ်ထွန်းအောင်လည်း တပ်ခွဲမှူးထံမှကြေးနန်းရပြီးသည်နှင့် အချိန်ရသလောက် ရန်သူ့လက်နက်ကြီး နေ ရာများ၊ ရန်သူ့ခံစစ်စည်းနေရာများ၊ ရန်သူ့ အထောက်အကူပြုနေရာများကို မပစ်ပဲမှတ်ပုံတ င်ခြင်း ပြု လုပ် နေသည်။ ၁၉၉၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ နံနက် (၀၄၄၅) နာရီအချိန်မှစ၍ ပွိုင့် ၄၀၄၄ တောင်ကုန်း တ၀ိုက် တွင် ပစ်ခတ်မှုများ စတင်ခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်နေသည့် ကြားမှ လိမ္မော်ရောင်မီးပွင့်ကလေးများ ဟိုမှဒီမှ တလက်လက်ပေါ်ထွက်နေပေ သည်။ လက်နက်ငယ် အသံနှင့်အတူ လက်နက်ကြီးသံများလည်း တ၀ုန်းဝုန်းနှင့် ဆူညံစွာ ကျရောက်ပေါက်ကွဲနေ၏။ မနက် (၀၆၁၅) နာရီအချိန်တွင် ပွိုင့် ၄၀၄၄ တောင်ကုန်း တ၀ိုက် ရှင်းလင်းစွာမြင်လာရသည်။ ထိုအချိန်တွင် ၄င်းတောင်ကုန်း အနောက်ဘက်မှ ထိုးဖေါက် တိုက်ခိုက် လာသော နဗဟ (---) မှ ခမရ (-) ကို ရန်သူမှ အာရ်ပီဂျီဖြင့်ဦးနှိမ်ပစ်ခတ်သဖြင့် ဗိုလ်ထွန်းအောင်လည်း မိမိ အမြောက်တပ်ခွဲကို ရန်သူ့ လက်နက်ကြီးေ နရာသို့ အမိန့်ပေးပြီး ပစ်ခတ်စေသည်။ ၄င်း ခမရ (-) တပ်ရင်း ချီတက်ရာတောင်ကုန်းများတစ်လျှောက် ကိုက် ၄၀၀ စီခြား၍ လှေကားထစ်နည်းဖြင့် တောက်လျှောက်ပစ်ကူ ပေးစေ၏။ မိမိနဗဟမှ ခမရ (-) သည်လည်း တောင်ကုန်းအနောက်တောင်ဘက်စမ်းချောင်းမှ ထိုးဖေါက် တက်ရောက်နေ သည်ကို တွေ့ ရသည်။ ကျန်ရှိသည့် နဗဟ (---) နှင့် နဗဟ (---) တို့မှ အမြောက်တပ်ခွဲများ လည်း ပွိုင့် ၄၀၄၄ တောင် ကုန်း နှင့် ပွိုင့် ၃၆၁၀ တောင်ကုန်းရှိ ရန်သူများကို ခေါင်းမဖေါ်နိုင်အောင် စွမ်းအားနှိမ် ပစ်ကူပေးေ နကြသ ည်။ ခမရ (-) နှင့် ခမရ (-) တို့သည် အမြောက်ပစ်ကူ၊ ခြေလျင်လက်နက်ကြီးပစ်ကူများနှင့် ဟန်ချက်ညီညီ တက်ရောက် လာရာ ပွိုင့် ၄၀၄၄ တောင်ကုန်းအား သိမ်းပိုက်ရန် ကိုက် ၂၀၀ လောက်သာ လိုေ တာ့ သည်။ နှစ်ဖက်စလုံးမှ အော်ဟစ်သံ၊ ဗုံးကွဲသံ၊ လက်နက်ကြီးသံ၊ လက်နက်ငယ်သံများ ကမ္ဘာပျက် မတတ် ကြားနေရသည်။ တောင်ကုန်းပေါ်ရှိ ရန်သူများမှာလည်း ခြေမြန် တပ်ရင်းများ၏ တဟုန်ထိုး စွန့်စား စွာ တိုက်ခိုက်မှု အမြောက်များ၏ကျရောက်ပေါက်ကွဲမှုတို့ကြောင့် သွေးပျက် နေကြပေသည်။

ထိုအချိန်တိုအတွင်း ပွိုင့် ၄၀၄၄ နှင့် ပွိုင့် ၃၆၁၀ တောင်ကုန်းတို့အကြား ဂုတ်ကြားတောင်ကြောမှ ပွိုင့် ၄၀၄၄ အရှေ့ဘက်ကြောသို့ အင်အား ၈၀ ခန့်ရှိ ရန်သူများတက်လာသည်ကို အကဲကြည့်အဖွဲ့မှ တွေ့မြင် လိုက်ရသည်။ ၄င်းတို့ ၏ကျောတွင်လည်း မိမိစစ်သည်များလွယ်သကဲ့ သို့ ခြင်းတောင်း များ၊ ကျောပိုးအိတ်များ လွယ်ထားပြီး စစ်ဝတ်စုံစိမ်းများ ၀တ်ဆင်ထားသည်။ အကဲကြည့် အရာရှိဗို လ် ထွန်းေ အာင်လည်း အချိန်မဆိုင်းဘဲ မိမိနဗဟသို့ ဆက်သွယ်ရေးစက်ဖြင့် သတင်းပို့မေးမြန်းကြည့်ရာ နဗဟမှ လည်း ရေရေရာရာအဖြေမရပေ။ ထို့ကြောင့် ဗိုလ်ထွန်းအောင် စဉ်းစားရကြပ်သွား သည်။ သေချာအောင် မှန်ပြောင်းဖြင့်ကြည့်ရှုရာ စစ်ဝတ်စုံ အစိမ်းရောင် များကြား တွင် ပြောက် ကျားဝတ်ဆင်ထားသည့်သူ တစ်ယောက်အား မှန်ပြောင်းမြင်ကွင်းထဲ တွင် မြင်ေ တွ့ လိုက်ရသည်။

“အာပါး ဟ ငပွေးတွေပါလား၊ သိကြသေးတာပေါ့” 
 
ဟု ကြိမ်းဝါးလျက် တပ်ခွဲမှူးထံ စက်ဖြင့်သတင်းပို့ပြီး ချီတက် လာသောငပွေးများ အား ခေါ်ပစ်ပစ်ခတ်ေ တာ့ သည်။ ငပွေးများသည် မမျှော်လင့်ပဲ အမြောက်ကျည်ဆံများ ကျရောက် ပေါက်ကွဲမှုကြောင့် အတုံး အရုန်း အရုပ်ကြိုးပြတ်လဲကျကုန်၏။ အချို့လည်းဒရောသောပါးဖြင့် သေနတ်တောင်မကောက် နိုင်ပဲ တလိမ့်ေ ကာက်ကွေး တောင်အောက်သို့လိမ့်ကျကုန်၏ အမြောက်ကျည်ဆံများ ကလည်း မိမိမြင်သေ လာက်ရှိသဖြင့် ဗိုလ်ထွန်းအောင်သည် ၀မ်းမြောက်စွာ အဆက်မပြတ် အမြန် ပစ်ခိုင်းနေတော့သည်။ ဤသို့ဖြင့် ၁၉၉၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ နံနက် (၁၁၁၄) နာရီအချိန်တွင် မိမိခြေမြန် တပ်ရင်းများသည် ရန်သူ့အချက်အချာတောင်ကုန်းဖြစ်သော ပွိုင့် ၄၀၄၄ (ခွေးအိပ်တောင်) တောင်ကုန်းကို လုံးဝအပြီးအပိုင်သိမ်းပိုက်၍ ခြေမြန်တပ်ရင်းများ၏ တပ်ရင်းအလံများ လွှင့်ထူနိုင်ခဲ့ပြီး ဖြစ်ပေသည်။ အကယ်၍ ပွိုင့် ၄၀၄၄ တောင်ကုန်းအရှေ့ဘက်ကြောမှ ရန်သူ ၈၀ သာ မိမိတပ်အောက်မေ့၍ မချေမှုန်း မိခဲ့လျှင် တောင်ထိပ်ရှိရန်သူများနှင့် ပူးပေါင်းမိသွားပါက တိုက်ပွဲမှာအချိန်ပိုကြာပြီး မိမိဘက်မှလည်း အထိအခိုက် အကျအဆုံးများလာနိုင်သည်။ ထို့ကြောင့် အကဲကြည့်အရာရှိ ဗိုလ်ထွန်းအောင်၏စိတ်ထဲတွင် ကြည်လင်စွာတွေးလိုက် မိသည်မှာ “အော် ပြောက်ကျား ပြောက်ကျား ပြောက်ကျားကယ်ပေလို့သာပေါ့” ဟု တွေးနေမိပါတော့သည်။.........။
 
ထွန်းထွန်း

( ၁၉၉၅ ခုနှစ်၊ အမြောက်နှင့်သံချပ်ကာတပ်ဖွဲ့မဂ္ဂဇင်းမှ ထုတ်နုတ် ဖော်ပြပါသည်)
 


Brothers of Officers Training School - OTS

No comments:

Post a Comment