Social Icons

Pages

Sunday, March 17, 2013

*** နားလည်စွာနှင့် ခွင့်လွှတ်နော် ***

စစ်သား အသည်း
ကျောက်ခဲ မဟုတ်
ကင်းစောင့် ငုတ်တုတ်
သစ်ငုတ် မဟုတ်
လှုပ်ရှားခံစား နှလုံးသားနှင့်
စစ်သားဆိုတာ လူပါပဲ ခင်။

ယူနီဖောင်းစိမ်း ဦးထုတ်စိမ်းနှင့်
စိမ်းတဲ့ ခါးပတ် အမြဲပတ်လျက်
ဖိနပ်ပါစိမ်းအားလုံးစိမ်းလည်း
စိမ်းကားရက်စက် အမုန်းဖက်လို့
အမျက်ကြီးသူ မဟုတ်ပါ ခင်။

စာလွှာမပါး ခစားမရောက်
မျက်မှောက်မကြုံ မထုံတက်သေး
နေနိုင်သေးလို့ ဝေးဝေးတမင်
ခရီးနှင်ကာ ခင် နဲ့ဝေးရာ
မျက်ကွယ်ရာသို့
ပုန်းကာနေသူ မဟုတ်ပါ ခင်။

တိုင်းပြည်တာဝန် ကျေပွန်စေရေး
ရှုမျှော်တွေးကာ အရေးသုံးပါး
ဦးထိပ်ထားလျက် စစ်သားပီပီ
ရှေ့ချီလှမ်းတက် တာဝန်ရွက်ဆဲ
သတ္တိဇွဲနှင့် တိုက်ပွဲစိန်ခေါ်
တောထဲ ပျော်တယ်
ခင်ရယ်
နားလည်စွာနဲ့ ခွင့်လွှတ်နော်

နန္ဒကျော်ဇံ

No comments:

Post a Comment