Social Icons

Pages

Sunday, March 17, 2013

*** သိစေချင်သည် ***

အို ... အသင်
ငါတို့ တွင်မူ
ပြည်သူက မွေး ပြည်သူ့ သွေးမို့
ပြည့်ရေး ကိုပင်ဦးထိပ်တင်၏ ။

ပြည်သူကဖွား ပြည်သူ့ သားမို့
ပြည့် အားကိုပင် အားကိုးချင်၏ ။

ပြည့်သူ့ ရင်နှစ် ပြည်သားစစ်မို့
ပြည်ချစ်စိတ်လျှင် ငါ့တွင်ရှင်၏ ။

ငါ့ကိုမွေးဖွား ပြည်သူများနှင့်
ငါ့အားသန့်စင် ပြည်သူ့ ရင်အား
တမင်နှောက်ယှက် ၀င်ရောက်ဖျက်လျှင်
မျိုးတွက်စွန့်စား ငါတို့ ဓါးအောက်
သင်တို့ရောက်မည် ငါယုံကြည်၏ ။

သင့်မှာအင်အား မည်မျှများစေ
သင်ကားလက်နက်မည်သို့ ထက်စေ
မျိုးတွက်စွန့်စား ငါတို့အားကို
သင်ကားမမှီ ရှုံးနိမ့်မည်မှာ
သင်သေချာ၏ ။

ဒို့မှာမျိုးတွက် ခံယူချက်နှင့်
စစ်ထွက်ဖို့ရေး ၀န်မလေးပါ
ဒို့သွေးဒို့သား တို့အင်အားသည်
ကြီးမားနေပြီိ ငါတို့ပြည် ။

ချစ်ရဲဘော်

No comments:

Post a Comment